ဆေးအာနိသင်နှင့်အကျိုးကျေးဇူးများ
- ထိသေအာနိသင်ရှိပြီး ပဲပုတ်၊ မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများတွင်ပေါက်ရောက်သောရွက်ပြန့်ပေါင်းများကိုလျှင်မြန်စွာကာကွယ်နိုင်နင်းနိုင်သည့်ရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။
- ပေါင်းပင်ပေါက်ပြီးပေါင်းရွက်(၂-၃)ရွက်ထွက်ချိန်(သို့)သီးနှံစိုက်ပြီး (၇-၁၄)ရက်အတွင်းအသုံးပြုနိုင်ပါသည်။
- ဆေးဖျန်းရာတွင်ယင်တောင်ဆေးဖျန်းခေါင်း(သို့)ကန်တော့ပုံဆေးဖျန်းခေါင်းအားအသုံးပြုပါ။
- အခြားရွက်ဖျန်းအားဆေး၊ ပိုးသတ်ဆေးများနှင့်ရောပြီးအသုံးမပြုရပါ။
မတ်ပဲ၊ ပဲတီစိမ်းနှင့်ပဲပုတ်စိုက်ခင်းမှလွဲ၍အခြားစိုက်ခင်းများတွင်အသုံးမပြုရပါ
ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင်(၅၀-၇၀)စီစီ၊ မြင်းခေါင်းဇွန်း(၅-၇)ဇွန်းရောစပ်ပက်ဖျန်းပါ။