မြေပဲခင်းတွင် ကျရောက်တတ်သော စောပင်နာကျ/နှောင်းပင်နာကျရောဂါ

မြေပဲစောပင်နာကျရောဂါ
- မြေပဲစိုက်ပျိုးပြီး (၃၀)ရက်သားခန့်တွင် ရောဂါစတင်ကျရောက် တတ်ပါတယ်
- အရွက်ရဲ့အပေါ်ဘက်မျက်နှာပြင်ပေါ်တွင် အဝါရောင်အနားသတ်ဖြင့် ဝိုင်းထားသော နီညိုရောင်အကွက်များကိုတွေ့ရပါတယ်
- အောက်မျက်နှာပြင်မှ ကြည့်လျှင် အညိုဖျော့ရောင်အကွက်များကို မြင်တွေ့ရတယ်
နှောင်းပင်နာကျရောဂါ
- မြေပဲစိုက်ပြီး (၅-၇)ပတ်လောက်တွင် ရောဂါကျရောက်တတ်တယ်
- အများအားဖြင့် သေးငယ်သော စက်ဝိုင်းပုံသဏ္ဍာန် အညိုရင့်ရောင်အကွက်များကို အဝါရောင်အနားသတ်မပါဘဲ တွေ့ရတယ်
- အောက်မျက်နှာပြင်တွင် မဲနက်ရောင်အကွက်များတွေ့ရတယ်
ကာကွယ်နှိမ်နင်းနိုင်သော နည်းလမ်းများ
- သီးလှည့်စိုက်ပျိုးပေးခြင်း(Eg, ကုလားပဲ ၊ ပြောင်း )၊ သီးညှပ်စိုက်ပျိုးပေးခြင်း (Eg, ပြောင်း၊ နှံစားပြောင်း)
- ရောဂါဒဏ်ခံနိုင်ရည်ရှိသောမျိုးများကို ရွှေးချယ်စိုက်ပျိုးခြင်း
- မြေပဲပင်များကို နုတ်ယူပြီးနောက် အပင်အကြွင်းအကျန်များကို ဖယ်ရှားမီးရှို့ပစ်ခြင်း၊
- ပေါင်းပင်များကို မြေပဲစိုက်ပျိုးပြီး (၃-၆)ပတ်တွင် ဖယ်ရှားရှင်းလင်းပေးခြင်း၊
- စိုက်ပျိုးချိန်နဲ့ မျိုးသက်တမ်းပေါ်လိုက်ပြီး စိုက်ချိန်ကို ညှိနှိုင်းစိုက်ပျိုးပေးခြင်း
- ဓာတုဆေးတစ်မျိုးမျိုးဖြင့် ကာကွယ်နှိမ်နင်းပေးခြင်း (ဆိုလာ၊ တယ်ရီဆိုဒ်)