Nawarat Myay Company Limited

ကုမ္ပဏီအကြောင်း

နဝရတ်မြေကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တောင်သူဦးကြီးများ၏ စိုက်ပျိုးရေး ကဏ္ဍတိုးတက်စေပြီး ကျေးလက်နေလူနေမှုအဆင့်အတန်းမြင့်မားလာစေရန် အဓိကရည်ရွယ်၍ အရည်အသွေး စစ်မှန်ပြည့်ဝသောစိုက်ပျိုးရေးဆေး နှင့် ဓါတ်မြေဩဇာတို့ကို ပြည်နိုင်ငံမှတင်သွင်းဖြန့်ဖြူးခဲ့ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးရေးကဏ္ဍကိုပိုမိုဖွံဖြိုးတိုးတက် လာစေရန်အတွက် ခေတ်မှီစိုက်ပျိုးရေးနည်းပညာ၊ အရည်အသွေးပြည့်ဝသည့် စိုက်ပျိုးရေးသွင်းအားစုများသည် လည်းမရှိမဖြစ်လိုအပ်ပါပေသည်။ထို့ကြောင့်ကျွန်တော်တို့နဝရတ်မြေကုမ္ပဏီကို အရည်အချင်းရှိသောစိုက်ပျိုးရေး ပညာရှင်ဝန်ထမ်းများ နှင့် ဖွဲ့စည်းတည်ထောင်ထားပြီး တောင်သူဦးကြီးများအတွက် လိုအပ်လျှက်ရှိသော စိုက်ပျိုး ရေးနည်းပညာပိုင်းသော်လည်းကောင်း ၊ ဓါတုဆေးများကိုနည်းစနစ်မှန်ကန်စွာဖြင့်သုံးစွဲနိုင်ရန်အတွက် သော်လည်း ကောင်းကွင်းဆင်းဆောင်ရွက်လျက်ရှိပါသည်။

Vision

တောင်သူများရင်ဆိုင်ကြုံတွေ့နေရသော စိုက်ပျိုးရေးဆိုင်ရာအခက်အခဲများကို ဖြေရှင်းပေး၍ တောင်သူ များ၏ဘဝသာယာဝပြောလာစေရန် နှင့် ကျွန်တော်တို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံ ဖြစ်သည့်အတွက် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ခြင်းဖြင့် နိုင်ငံ၏စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရန်မျှော်မှန်းထားပါ သည်။

Mission

တောင်သူဦးကြီးများအစဉ်အမြဲလိုအပ်လျက်ရှိသည့်