ကုလားပဲစိုက်တောင်သူဦးကြီးတို့အတွက် အစွမ်းထက်ဆေးကောင်းများ

ကုလားပဲရာသီရောက်ရှိလာသည်နှင့်အမျှ ဦးကြီးတို့ရဲ့ ကုလားပဲစိုက်ခင်း အထွက်နှုန်းဆထက်တပိုး တိုးပွားပြီး ဦးကြီးတို့ရဲ့ဘဝတွေ သာယာဝပြောစေဖို့ ကုလားပဲအတွက် လိုအပ်တဲ့အချက်ကလေးတွေ ပြောပြပေးပါ့မယ်နော်
- ကုလားပဲသီးနှံဟာ ခြောက်သွေ့၍ အေးသောရာသီဥတုနှင့် နေ့တာတိုသောရာသီဥတု (မိုးအကုန်ဆောင်းအဝင်)ကို ကြိုက်နှစ်သက်သော သီးနှံတစ်မျိုးဖြစ်ပါတယ်
- ကုလားပဲကို သီတင်းကျွတ်လထက် စော၍စိုက်လျှင် ခါးရိရောဂါကျရောက်တတ်ပြီး တန်ဆောင်မုန်းလထက်နောက်ကျစိုက်ပျိုးလျှင်လည်း နေ့တာတိုလွန်းသဖြင့် အပင်ဖြစ်ထွန်းမှုအားနည်း၍ ပန်းပွင့်ချိန်စောလာပြီး အထွက်နှုန်းကျဆင်းတတ်လို့ မစောလွန်း နောက်မကျလွန်းသောအချိန်မှာ စိုက်ပျိုးပေးဖို့ လိုပါတယ်နော်
စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ အပင်ကိုပြုစုစောင့်ရှောက်ခြင်း
- အပင်များ ကြီးထွားစေရန်နှင့် အထွက်နှုန်းတိုးတက်စေရန်၊ ပွင့်သောပန်းတိုင်း သန္ဓေအောင်စေပြီး အပွင့်ကြွေကျမှုနည်းစေရန် (ကုလားပဲအထူး)ရွက်ဖျန်းမြေဩဇာကို ပက်ဖျန်းပေးပါ (သီးနှံသက်တမ်းတလျှောက်လုံး ပက်ဖျန်းပေးနိုင်ပါတယ်)
- ပန်းမပွင့်မှီ ပေါင်းမနှိမ်နင်းပါက သီးနှံအထွက်နှုန်းလျော့နည်းစေ၍ စိုက်ပျိုးချိန်မှ ပန်းပွင့်သည့်အချိန်အထိ ပေါင်းမြက်များရှင်းလင်းပေးပါ
- ကျရောက်တတ်သောရောဂါများနှင့် အသုံးပြုနိုင်သောဆေးများ - ခါးရိရောဂါ(ဆိုလာ၊ တယ်ရီဆိုဒ်၊ ဗန်းတစ်)၊ ပင်စည်ပုပ်ရောဂါ(တယ်ရီဆိုဒ်)၊ မီးခိုးရောင်မှိုရောဂါ(စင်တာ၊ ဆိုလာ၊ တယ်ရီဆိုဒ်)၊ သံချေးရောဂါ(စင်တာ)၊ ကုလားပဲမြစ်ပုပ်(ဆိုင်းလန့်)
- ကျရောက်တတ်သောဖျက်ပိုးများနှင့် အသုံးပြုနိုင်သောဆေးများ - အရွက်စားပိုး (ဒီတက်၊ယူနစ်)၊ ငမြောင်တောင်(ဒီတက်၊ပန်သာ၊ယူနစ်)၊ သီးလုံးဖောက်ပိုး(ဒီတက်၊ယူနစ်)
#ပိုးမွှားရောဂါသတ်ဆေးများကို ဦးကြီးတို့ ကြိုတင်ကာကွယ်ကုသသောအနေဖြင့်အသုံးပြုနိုင်ရန်