ဆေးအာနိသင်နှင့်အကျိုးကျေးဇူးများ
- ထိသေ၊စားသေ၊ အာနိသင်ရှိသောအစွမ်းထက်ပိုးသတ်ဆေးတစ်မျိုးဖြစ်သည်။
- ဝါသီးလုံးဖောက်ပိုး၊ စပါးနှံစုပ်ဂျပိုး၊ စပါးဖြုတ်ညို၊ ပြောင်း၊ ပဲမျိုးစုံ၊ အာလူး၊ ဟင်းသိးဟင်းရွက်၊ ဆေးရွက်ကြီး၊ငရုတ်၊ ကြက်သွန်တို့တွင်ကျရောက်တက်သော ငမြှောင်တောင်အုပ်စု၊ ကျိူင်းအုပ်စုများကို ထိရောက်စွာနှိမ်နင်းနိုင်သည့်အပြင်ပိုးများ၏ဥများကိုပါသေစေနိုင်သည့်အာနိသင်ရှိပါသည်။
- အရွက်အတွင်းထိုးဖောက်စိမ့်ဝင်နိုင်စွမ်းရှိသောကြောင့် အရွက်မျက်နှာပြင်အပေါ်ပိုင်းနှင့်အောက်ပိုင်းတွင်ကပ်နေသောပိုးများကိုပါသေစေနိုင်စွမ်းရှိသည်။
- မွှားပင်ကူနီကိုလည်းအထူးနှိမ်နင်းနိုင်ပါသည်။
- ဆေးအာနိသင်ကြာရှည်စွာခံသောကြောင့် ဆေးပက်ဖျန်းရသည့် အကြိမ်အရေအတွက်ကိုလည်းလျော့နည်းစေပါသည်။
မည်သည့်သီးနှံပင်တွင်မဆို ပက်ဖျန်းအသုံးပြုနိုင်ပါသည်။
ရေ(၄)ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင် (၄၀-၆၀)စီစီ၊ မြင်းခေါင်းဇွန်း(၄-၆)ဇွန်းနှုန်းရောစပ်ပက်ဖျန်းပါ။