ဆေးအာနိသင်နှင့်အကျိုးကျေးဇူးများ
- ပင်လုံးပြန့်အာနိသင်ရှိပြီးရွက်ပြန့်ပေါင်းများနှင့်မြက်မုံညင်းအုပ်စုဝင်ပေါင်းအမျိုးမျိုးကိုနှိမ်နင်းနိုင်ပါသည်။
- လယ်ပဒူ၊ ကတောက်ဆတ်၊ မှိုနတို၊ ကြိတ်မှန်၊ ထိကရုန်း၊ ဟင်းနုနွယ်ဆူးပေါက်၊ ပကန်၊ ရွှေနွယ်၊ ပေါင်း/လယ်လေးညင်း၊ ဝက်လာ၊ ကနဖော့၊ မြက်မုံညင်းစိမ်း၊ မြက်မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး၊ မြက်ကလုံး၊ တလိုင်းခေါက်းမြက်၊ မြက်မုံညင်းဥနက် အစရှိသည့်ပေါင်းမြက်အုပ်စုများကို နှိမ်နင်းနိုင်ပါသည်။
ပေါင်းသတ်ဆေးဖျန်းရာတွင် သတိပြုရန်အချက်များ
- ပေါင်းပင်ငယ်စဥ်တွင်ပက်ဖျန်းပါ၊ ပေါင်းပင်(၁)လသားကျော်ပြီး အပွင့်၊ အနှံများထွက်ချိန်တွင်ပက်ဖျန်းရန်မသင့်ပါ
ရေ(၄)ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင်(၂၀-၃၀)ဂရမ်၊ မြင်းခေါင်းဇွန်း(၂-၃)ဇွန်းရောစပ်ပက်ဖျန်းပါ။
