ဆေးအာနိသင်နှင့်အကျိုးကျေးဇူးများ
- ထိသေနှင့်ပင်လုံးပြန့်အာနိသင်ရှိပြီးသီးနှံမျိုးစုံတွင်ကျရောက်တက်သော မှိုရောဂါအမျိုးမျိုးကိုကာကွယ်ကုသနိုင်သောအစွမ်းထက်ရေဖျော်မှိုရောဂါသတ်ဆေးတစ်မျိုးဖြစ်သည်။
- မှိုစပိုးထုတ်လုပ်မှုနှင့်မှိုမျှင်ကြီးထွားမှုကိုဟန့်တားပေးနိုင်သောကြောင့်ရောဂါမကျမှီ ဖျန်းပေးပါက ပိုအကျိုးသက်ရောက်မှုရှိပါသည်။
- ဖရဲ၊သခွား၊ကြက်သွန်၊ငရုတ်၊ခရမ်းချဥ်၊အာလူး၊နှမ်း၊စပျစ်တို့တွင်ကျရောက်တက်သောဒေါင်းနီးရွက်ခြောက်ရောဂါ၊နှောင်းပင်နာကျရောဂါ၊မှဲ့ပြောက်စွန်းရောဂါ၊နှမ်းရိုးမဲရောဂါအစရှိသည့်ရောဂါများကိုနှိမ်နင်းနိင်ပါသည်။
မည်သည့်သီးနှံပင်တွင်မဆိုပက်ဖျန်းအသုံးပြုနိုင်ပါသည်
ရေ(၄)ဂါလံဝင်ဆေးဖျန်းပုံးတစ်ပုံးလျှင်(၆၀-၈၀)ဂရမ်၊ မြင်းခေါင်းဇွန်း(၆-၈)ဇွန်းနှုန်းရောစပ်ပက်ဖျန်းပါ။
