ဆေးအာနိသင်နှင့်အကျိုးကျေးဇူးများ
- ပင်လုံးပြန့်အာနိသင်ရှိစပါးရွေးချယ်ပေါင်းသတ်ဆေးဖြစ်သည်။
- စပါး၊ ဂျုံ၊ ပြောင်းစိုက်ခင်းတွင်ကျရောက်တက်သောရွက်ပြန့်ပေါင်း နှင့်မြက်မုန်ညင်းများကိုထိရောက်စွာနိုင်နင်းနိုင်ပါသည်။
- တိုက်ရိုက်အစေ့ချစပါးခင်းနှင့်ပျိုးထောင်စိုက်ခင်း(၂)မျိုးလုံးတွင်အသုံးပြုနိုင်ပါသည်။
- မြက်မုန်ညင်းမျိုးရင်းဝင်ဖြစ်သော မုန်ညင်းစိမ်း၊ မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး၊ ဝက်လာနှင့်ရွက်ပြန့်ပေါင်းမျိုးရင်းဝင်ဖြစ်သော ဝက်ကျွတ်၊ ကတောက်ဆတ်၊ လယ်ပဒူ၊ ပုစွန်ဇာ၊ ပေါင်းလေးညင်း၊ ဟင်းနုနွယ်ဆူးပေါက်၊ ကြိတ်မှန်၊ မှိုနတို၊ ဗေဒါ၊ ရေကန်စွန်းစသည့်ပေါင်းအမျိုးမျိုးကိုလည်းနှိမ်နင်းနိုင်ပါသည်။
ရေ(၄)ဂါလံဝင် ဆေးဖျန်းပုံးတစ်ပုံးလျှင်(၆၀-၈၀)စီစီ၊ မြင်းခေါင်းဇွန်း(၆-၈)ဇွန်းနှုန်းရောစပ်ပက်ဖျန်းးပါ။
